မြန်မာ အွန်လိုင်းစာဖတ်အသင်း
မြန်မာအွန်လိုင်းစာဖတ်အသင်း ဝက်ဘ်ဆိုက်ကို ၇.၂.၂၀၁၂ နေ့မှစတင်၍ အွန်လိုင်းပေါ်မှ စာဖတ်သူလူတန်းစားတစ်ရပ်အတွက် ရည်ရွယ်၍ တည်ထောင်ပါသည်။ အွန်လိုင်းပေါ်မှ စာဖတ်သူ အရေအတွက် များပြားလာရေး၊ စာအုပ်တစ်အုပ်၏ အနှစ်သာရကို စနစ်ကျနစွာ လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့် ရရှိလာရေး၊ ရသစာပေ အားကောင်းရေးနှင့် စာပေယဉ်ကျေးမှု ထွန်းကားပြန့်ပွားရေး၊ တို့ကို မြန်မာ အွန်လိုင်းစာဖတ်အသင်းမှ ရှေးရှုသွားမည် ဖြစ်သည်။
မြန်မာ အွန်လိုင်းစာဖတ်အသင်းမှ လစဉ် (သို့မဟုတ်) အပါတ်စဉ် ရွေးချယ်ထားသော စာအုပ်တစ်အုပ် ကို စာဖတ်သူအား ဖတ်ရှုစေပြီးလျှင် စာဖတ်သူဖက်မှ ပြန်လည်ပေးပို့လာသော ထိုစာအုပ်နှင့် ပက်သက်သည့် သုံးသပ်ချက်များ၊ ရှုထောင့်အမြင်များ ကို ကျွန်ုပ်တို့ အွန်လိုင်း စာဖတ်အသင်းမှ ပြန်လည် ဖော်ပြပေးသည့် အစီအစဉ်များကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အခြား စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပက်သက်သော အစီအစဉ်များကိုလဲ မြန်မာ အွန်လိုင်းစာဖတ်အသင်းမှ အလျဉ်းသင့်သလို့ ပြုလုပ်သွားမည် ဖြစ်ပါသည်။ မြန်မာအွန်လိုင်းစာဖတ်အသင်း သို့ လာရောက် ကာ စာဖတ်ကြသော စာချစ်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စာပေအကျိုး ဆတက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာအွန်လိုင်း စာဖတ်အသင်း
ကောင်းလိုက်တဲ့အကြံဗျာ..... အားပေးပါတယ်..... ဆက်လုပ်ပါရဲဘော်...... :)
ReplyDeleteနိုင်နိုင်းဟောက်စ်
အလွန်ကောင်းမွန်တဲ့ အစီအစဉ်လေးပေါ့ရှင် ... မိုးညလည်း တတ်နိုင်သမျှပါဝင်ချင်ပါတယ် ...
ReplyDeleteကောင်းအိ..
ReplyDeleteလုပ်စေ..
ပါမည်..။